Saturday, June 10, 2023
Homeဆောင်းပါးအာရှဒေသဦးနှောက်အ​မှေး​ရောင် ​ရောဂါ​ကြောင့်​ အိန္ဒိယ က​လေး​တွေ ရာချီ​သေဆုံး

ဦး​နှောက်အ​မှေး​ရောင် ​ရောဂါ​ကြောင့်​ အိန္ဒိယ က​လေး​တွေ ရာချီ​သေဆုံး

အိန္ဒိယနိုင်ငံ ​မြောက်ပိုင်း​မှာ ဦး​နှောက်အ​မှေး​ရောင် ​ရောဂါ​ကြောင့်​ လူ ၄၀၀ ​ကျော် ​သေဆုံး​ပြီး​၊​ ​သေဆုံး​သူ အများ​စုက က​လေး​ငယ်​တွေ ဖြစ်ပါတယ်။ ဦး​နှောက် အ​မှေး​ရောင် ​ရောဂါဟာ ခြင်က ​ပေါက်ဖွား​တဲ့​ ဗိုင်း​ရပ်စ် တမျိုး​ဖြစ်ပြီး​ မိုး​ရာသီမှာ အဖြစ်များ​ပါတယ်။ အာရုံ​ကြော ဖွဲ့​စည်း​မှု စနစ်ကို ထိခိုက် ပျက်စီး​စေပါတယ်။ ​ရောဂါရရှိသူ​တွေအနက် ၃၀ ရာခိုင်နှုန်း​နီး​ပါး​ ​သေဆုံး​ ကြပါတယ်။ ဒီနှစ်ထဲ နီ​ပေါနဲ့​ နယ်နမိတ်ထိစပ်​နေတဲ့​ အိန္ဒိယက ဂိုရက်ပါ (Gorakhpur) ​ဒေသမှာ ​ရောဂါ ကူး​စက်မှု​တွေ ဖြစ်ပွား​ခဲ့​ပါတယ်။ အဆိုပါ ​ဒေသက လူအများ​စုက​တော့​ အစိုး​ရရဲ့​ ကိုင်တွယ်​ဆောင်ရွက်မှု ​နှေး​ကွေး​တာကို အပြစ်တင်​နေ​ကြောင်း​ သတင်း​ထောက် ဘစ်မီလာ ဂီလာနီ(Bismillah Geelani) က အိန္ဒိယက​နေ သတင်း​ပေး​ပို့​ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular