ဟော်လန်ရိုဒါလူငယ်အသင်းကို မြန်မာအသင်း ၂-၀ ဂိုးဖြင့် ရှုံးနိမ့်

ဥရောပမှာ သွားရောက်ခြေစမ်းလေ့ကျင့်နေတဲ့ မြန်မာ့ပဏာမ လက်ရွေးစင်ဘောလုံးအသင်းဟာ နယ်သာလန် ပထမတန်းကလပ် Roda JC ယူ ၂၃ လူငယ်အသင်းနဲ့ မနေ့ညက ခြေစမ်းပွဲယှဉ်ပြိုင် ကစားခဲ့ရာမှာ အိမ်ရှင်အသင်းက မြန်မာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းဟာ ပြိုင်ဘက်အသင်းကို လျင်လျင်မြန်မြန် ထိုးဖောက် တန်ပြန်တိုက်စစ်ဆင် ကစားသွားပြီး အပိုင်ကန်သွင်းခွင့်တွေရရှိခဲ့ပေမယ့် ဂိုးတော့မရရှိခဲ့ပါဘူး။ မြန်မာအသင်းမှာ အောင်သူနဲ့ သီဟဇော်တို့ နေမကောင်းလို့ မပါဝင်နိုင်ခဲ့သလို နောက်ခံလူ အောင်ဇော်နဲ့ ဇော်လင်းတို့လည်း ဒဏ်ရာဟောင်းတွေကြောင့် ၀င်ရောက် မကစားနိုင်ခဲ့ဖူးလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာအသင်းဟာ ဆူဇူးကီးဖလားအောင်နိုင်ရေးအတွက် ဂျာမနီနိုင်ငံမှာသွားရောက် ခြေစမ်းလေ့ကျင့်နေတာဖြစ်ပြီး ကလပ်အသင်းငယ်တွေနဲ့ ခြေစမ်းပွဲ ၃ ပွဲကစားရာမှာ ၂ ပွဲသရေ၊ တပွဲရှုံးပြီး နိုင်ပွဲမရရှိသေးပါဘူး။ ဓာတ်ပုံ - Myanmar Football Federation

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up