Live
Home
မြန်မာသတင်း
နှိပ်စက်ခံအိမ်အကူအမှု အမြန်ဖော်ထုတ်ရန်နှင့် အရေးယူရန် ယူနီဆက်ဖ် သတင်းထုတ်ပြန်
DVB
·
September 23, 2016
ရန်ကုန်မြို့တွင်း အင်းဝအပ်ချုပ်ဆိုင်က ညှဉ်းပန်းနှိပ်စက်ခံ မိန်းကလေး ၂ ဦးအမှုကို အမြန် ဖော်ထုတ်နိုင်ဖို့ လိုအပ်တဲ့ ကူညီပံ့ပိုးတာတွေပေးဖို့နဲ့ အပြင်ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် ခိုင်မာထိရောက်တဲ့စနစ်တွေ တည်ထောင်လုပ်ဆောင်ထားရမှာ ဖြစ်ကြောင်း ယူနီဆက်ဖ်က သတင်းထုတ်ပြန်ပါတယ်။ အိမ်ဖော်မိန်းကလေးငယ် ၂ဦး အလွဲသုံးစားပြုခံရခြင်းနဲ့ အကြမ်းဖက်ခံရမှုအပေါ်များစွာစိုးရိမ်ပူပန် တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ယူနီဆက်ဖ်အနေနဲ့ ကလေးငယ်နှစ်ဦးအတွက် စိတ်နှင့်လူမှုဆိုင်ရာ ပံ့ပိုးကူညီမှု အလျင်အမြန် ရရှိရေးနဲ့ ကလေးငယ်တို့ရဲ့ ဆန္ဒတွေကို အလေးပေးဆောင်ရွက်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူ တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖော်ထုတ်နိုင်ခြင်း မရှိသေးတဲ့ အလားတူဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရတဲ့ ကလေးငယ် တွေအတွက်လည်း ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024