၃ နှစ်သမီးကို ရေကန်ထဲ အကြိမ်ကြိမ်ပစ်ချသတ်ခဲ့သည့်ပထွေး ထောင်ဒဏ်နှစ် ၁၀၀ ချမှတ်ခံရ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံ၊ မော်ရီလီယာမြို့မှ ဟိုတယ်တခုရဲ့ ရေကူးကန်ထဲ ၃ နှစ်အရွယ် သမီးငယ်ကို အကြိမ်ကြိမ်ပစ်ချ နှစ်သတ်ခဲ့တဲ့ ပထွေးဖြစ်သူကို တရားရုံးက ထောင်ဒဏ်နှစ် ၁၀၀ ချမှတ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသားဟာ ကလေးငယ်ကို ရေမကူးနိုင်မှန်း သိသိကြီးနဲ့ ရေကူးကန်ထဲ ပစ်ချခဲ့ပြီး ရေနစ်သွားခဲ့ပြီလို့ အံ့သြဟန်ပြကာ အော်ဟစ်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ အနီးနားမှာ ဘယ်သူတဦးတယောက်မှ မရှိတဲ့အချိန်မှာမှ ခုလိုကျူးလွန်ခဲ့တာပါ။ ဒါပေမယ့် ရုပ်သံဗွီဒီယိုဖိုင်ဟာ ငြင်းလို့မရတဲ့ သက်သေတခုဖြစ်နေပြီး ခံဝန်ထွက်ဆိုစရာမလိုအောင် ပြည့်စုံတယ်လို့ မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခင်းဖြစ်တဲ့အချိန်မှာ ဇနီးဖြစ်သူဟာ ဟိုတယ်အိပ်ခန်းတွင်း အိပ်ပျော်နေခဲ့ပြီး အဆိုပါအမျိုးသားက ကလေးငယ်ရဲ့ ဆံပင်ကို ဆောင့်ဆွဲကာ ရေကူးကန်ထဲကို အကြိမ်ကြိမ်ပစ်ချခဲ့တာပါ။ ကလေးငယ်ဟာ ကန်ထဲမှာ ရေကူးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ရေမွန်းနေခဲ့တာပါ။ တရားခံအမျိုးသားဘက်က ရှေ့နေတွေက ကလေးငယ်ဟာ ရေထဲမှာ သေဆုံးတာမဟုတ်ဘဲ ကမ်းပေါ်မှာ သေဆုံးခဲ့တာလို့ ချေပခဲ့ကြပေမယ့် တရားရုံးက ပယ်ချခဲ့ကာ ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up