Home
မြန်မာသတင်း
ဈေးရောင်းသည့် မြန်မာနှင့် အခြားနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား အယောက် ၂၀ အဖမ်းခံရ
DVB
·
September 22, 2016
ထိုင်းနိုင်ငံအလယ်ပိုင်း နွန်ထပူရီခရိုင်မှာ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေတဲ့ မြန်မာ အပါအ၀င် အခြားနိုင်ငံခြာသား ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း အယောက် ၂၀ ကို သက်ဆိုင်ရာက ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ နွန်ထပူရီခရိုင် ဗန်ဘိုးထောင်းမြို့နယ် ဘန်လတ်ဖတ်ထနားရပ်ကွက်ထဲမှာ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေက  ခွင့်ပြုချက်ပေးတဲ့အလုပ်အတိုင်း မလုပ်ကိုင်တာ၊ ထိုင်းလူမျိုးများအတွက်သာ ကန့်သတ်ထားတဲ့ အလုပ်တွေ လုပြီးလုပ်ကိုင်နေကြောင်း တိုင်ကြားချက်ရရှိတဲ့အတွက် စစ်တပ်၊ လ၀ကရဲ၊ အုပ်ချုပ်ရေး နဲ့ အလုပ်သမားရုံးက တာဝန်ရှိသူတွေ ပူးပေါင်းပြီး စက်တင်ဘာ ၂၁ ရက်နေ့က သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့  နွန်ထပူရီခရိုင် ဒုရဲမှူး ဖတ်ဆဖုန်း ဆိုင်ဥဘွန်းက သတင်းထောက်တွေကို ပြောပါတယ်။ တာဝန်ရှိသူတွေဟာ ဗန်ဘိုးထောင်းမြို့နယ် ဘန်းယိုင်၊ ဗန်းဘိုးထောင်းနဲ့ ပါက်ကစ်ရပ်ကွက်ရှိ ဈေးနဲ့ ဈေးဆိုင်တွေကို ၀င်ရောက်စစ်ဆေးပြီး ဈေးရောင်းနေတဲ့ လူ ၂၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားတွေထဲမှာ မြန်မာ၊ လာအို၊ ဗီယက်နမ် နဲ့ ဂါနာ (အာဖရိကတိုက်) နိုင်ငံသားတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့ထဲမှာ တွန်းလှည်းနဲ့ သစ်သီး၊ ဖျော်ရည်၊ အအေး၊ ရေခဲမုန့် ရောင်းသူတွေက ၁၂ ဦး၊  ကိုယ်ပိုင်ဈေးဆိုင်ဖွင့်ပြီးရောင်းနေတာက ၇ ဦးတို့ ပါဝင်ပါတယ်။ ထိုင်းအလုပ်သမားဥပဒေအရ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေဟာ အိမ်ဖော်နဲ့ အလုပ်ကြမ်း အမျိုးအစားထဲပါဝင်တဲ့ ဆောက်လုပ်ရေး၊ ရေလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အစရှိတဲ့ အလုပ်တွေမှာ အလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024