ပန်းချီရဲမြင့် (forward) ၏ Art & Ideology ပန်းချီပြပွဲ
DVB
·
September 21, 2016
ပန်းချီရဲမြင့် (forward) ရဲ့ Art & Ideology ပန်းချီပြပွဲကို ပန်းဆိုးတန်းလမ်း လောကနတ် ပန်းချီပြခန်းမှာ စက်တင်ဘာ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ မနက် ၉ နာရီ မှ ညနေ ၅ နာရီထိ ပြသနေပါတယ်။
ပန်းချီရဲမြင့်ဟာ ကျိုက်လတ်သား ဖြစ်ပြီး ၁၉၆၄ ပန်းချီပန်းပုကျောင်းဆင်းတဦးဖြစ်ပါတယ်။
ဆရာသိန်းဟန်၊ ဦးကြီးစိန် (ဟင်္သာတ)၊ ဆရာဦးသိန်းညွန့် (ထားဝယ်) တို့ထံမှာ ပညာသင်ကြားခဲ့ပါတယ်။ လုပ်သားသတင်းစာ၊ ရှေ့သို့စာဆောင် နှင့် အစိုးရပြန်ကြားရေးဌာနမှာ နှစ် ၂၀ ကျော် အမှုထမ်းခဲ့ပါတယ်။ အခုချိန်မှာ အောင်မြင်တဲ့ ပန်းချီဆရာတယောက် အဖြစ် ရပ်တည်နေပါတယ်။
သတင်း၊ ဓာတ်ပုံ - သားကြီးမောင်ဇေယျ