မြိုင်ကြီးငူ စစ်ရှောင်ပြည်သူများကို လူကယ်ပြန်ဝန်ကြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် (ဓာတ်ပုံ)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်  မယ်သဝေါဒေသမှာ ဗိုလ်ချုပ်ကျော်သက်ဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရ၊ နယ်ခြားစောင့်တပ်တို့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသကို ရွာပေါင်း ၂၀ လောက်က ဒုက္ခသည် ၄ ထောင်နီးပါး ထွက်ပြေးခိုလှုံနေကြရပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့အဖွဲ့ မြိုင်ကြီးငူအထူးဒေသမှာဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒီနေ့ လာရောက်ကြည့်ရှုပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။ သတင်းဓာတ်ပုံ - ရဲဝင့်သူ  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up