လိဂ်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် လက်စတာနှင့် ချဲလ်ဆီး ယနေ့ည ယှဉ်ပြိုင်မည်

635
နည်းပြ ရိုင်နရီရဲ့ လက်စတာအသင်းဟာ လိဂ်ဖလားပြိုင်ပွဲ တတိယအဆင့် ပွဲစဉ်အဖြစ် အသင်းဟောင်း ချဲလ်ဆီးနဲ့ ဒီနေ့ည အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြ ရိုင်နရီကတော့ ချဲလ်ဆီးကို အသင်းပြောင်းသွားတဲ့ ကွင်းလယ်ကစားသမား ကန်တီကို ဒီညပွဲစဉ်မှာ ပရိသတ်တွေအနေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုသင့်တယ်လို့လည်း ဆိုထားပါတယ်။
လက်စတာအသင်းဟာ လူစုံထုတ် ယှဉ်ပြိုင်ဖို့ရှိနေပြီး ချဲလ်ဆီးကတော့ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင် တယ်ရီ၊ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်နဲ့ ပက်ဒရိုတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
လက်စတာနဲ့ ချဲလ်ဆီးတို့ဟာ လိဂ်ဖလားပြိုင်ပွဲမှာ ၂၀၀၇ တုန်းက နောက်ဆုံး တွေ့ဆုံထားပြီး ချဲလ်ဆီးက အနိုင်ရထားပါတယ်။