ပေါ့ပ်စတား ဘရစ်တနေးစပီးယားစ်၏ ဆွဲဆောင်မှုရှိဆဲ အကရုပ်သံ ရေပန်းစား

ဘရစ်တနေးစပီးယားစ်ရဲ့ စွမ်းဆောင်ရည်တွေဟာ ခုချိန်ထိကို ရှိနေဆဲပါပဲ။ ဒါကို သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်ကနေ မျှဝေလိုက်တဲ့ အကရုပ်သံဗွီဒီယိုဖိုင်က သက်သေခံနေတာပါ။ ဘရစ်တနေးဟာ VMAs နဲ့ Billboard Music Awards ဆုပေးပွဲတွေမှာ ကာလအတန်ကြာ ပျောက်ချက်သား ကောင်းနေခဲ့တာပါ။ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ ပေါ့ပ်ဘုရင်မဟာ စည်းချက်နဲ့အညီ ခန္ဓာကိုယ်ကို ဟန်ချက်ညီညီ ကပြသွားတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာတော့ “ကျမရဲ့ ကိုယ်အလေးချိန် လျှော့ချပြီးချိန် ခဏတာ” လို့ ရေးခဲ့တာဖြစ်ပြီး သူ့ရဲ့နေအိမ်က အားကစားခန်းမမှာ ရိုက်ကူးထားခဲ့တာလို့ ဟာ့ပါးဘဇား သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူဟာ Megan Trainor ရဲ့ Me Too သီချင်းနဲ့ သရုပ်ပြကနေခဲ့တာဖြစ်ပြီး ပန်းရောင်တောက်တောက် ဘောင်းဘီတိုနဲ့ အပေါ်ပိုင်းမှာတော့ ဘရာဇီယာကို ၀တ်ဆင်ထားခဲ့တာပါ။ ခါးနဲ့ ခန္ဓာကိုယ်ကို လှုပ်ခါပြီး ဆံပင်တွေ ယမ်းခါနေတဲ့အထိ ကပြထားတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လက်ရှိမှာတော့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုသူ ၁ ဒသမ ၆ သန်း ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up