မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲတွင် စက်ဘီးချင်းတိုက်မိပြီး အီရန်နိုင်ငံသား သေဆုံး (ရုပ်သံ)

ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ စက်တင်ဘာလ ၁၇ ရက်နေ့က ပါရာလန်ပစ် (အိုလံပစ်မသန်စွမ်းအားကစား) ပြိုင်ပွဲအတွင်း စက်ဘီးချင်းတိုက်မိပြီး မသန်စွမ်းပြိုင်ပွဲဝင် အီရန်နိုင်ငံသား ဘမန်းဂိုဘာနက်ဇ်ဟက်ဒ် သေဆုံးခဲ့ပါတယ်။ ရီယိုမြို့မှာကျင်းပနေတဲ့ ပါရာလန်ပစ်အားကစားပြိုင်ပွဲအတွင်းမှာ အမျိုးသား စီ၎-၅ စက်ဘီးစီးပြိုင်ပွဲအတွင်း အီရန်နိုင်ငံသား မသန်စွမ်းပြိုင်ပွဲဝင် စက်ဘီးစီးသမားဟာ စက်ဘီးချင်းတိုက်မိရာကနေ သေဆုံးမှုဖြစ်ခဲ့ရပါတယ်။ ပါရာလန်ပစ်ကော်မတီကတော့ ဘမန်းဂိုးဘာနက်ဇ်ဟက်ဒ် အသက် ၄၈ နှစ်ဟာ ဒီပြိုင်ပွဲလမ်းတလျှောက်ရဲ့ တနေရာမှာ စက်ဘီးချင်းတိုက်မှုဖြစ်ပွားခဲ့ရာကနေ နှလုံးရောဂါဝေဒနာ ခံစားခဲ့ရတာလို့ ပြောခဲ့ပါတယ်။ “ဆေးရုံကားက အနီးဆုံး ဘာရာမှာရှိတဲ့ ယူနီမက် ရီယိုဆေးရုံဆီ သူ့ကို သယ်ဆောင်သွားခဲ့ပြီး ဆေးရုံရောက်ပြီးပြီးချင်း မကြာခင်မှာပဲ သူသေဆုံးခဲ့တာ” လို့ ကော်မတီက ဖြည့်စွက်ပြောကြား ခဲ့ပါတယ်။ ဂိုးဘာနက်ဇ်ဟက်ဒ်ဟာ လန်ဒန်မှာကျင်းပတဲ့ ၂၀၁၂ ခုနှစ် ပါရာလန်ပစ် ပြိုင်ပွဲကြီးမှာတုန်း ကလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ ဒီရုတ်တရက်ဖြစ်ပျက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလည်း လုပ်ဆောင်နေပါတယ်။ တနင်္ဂနွေနေ့ပိတ်ပွဲ အခမ်းအနားအတွင်းမှာတော့ ပါရာလန်ပစ်ကျင်းပတဲ့နေရာမှာ အီရန်အလံကို တ၀က်ချထားပြီး ခေတ္တငြိမ်သက်မှုလုပ်မှာကို မြင်ရမှာဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ် ရောမမြို့မှာကျင်းပတဲ့ကစားပွဲမှာ ဒိန်းမတ်လူမျိုး စက်ဘီးစီးသမား ဒီလိုအဖြစ်မျိုးကြုံခဲ့ဘူး ကတည်းနေပြောရရင် ဂိုးဘာနက်ဇ်ဟက်ဒ်ရဲ့ သေဆုံးမှုဟာ နွေရာသီ/ဆောင်းရာသီ အိုလံပစ် ဒါမှမဟုတ် ပါရာလန်ပစ်ပွဲ (အိုလံပစ်မသန်စွမ်း အားကစား ပြိုင်ပွဲ)မှာ ပထဦးဆုံးဖြစ်ခဲ့တဲ့ ပြိုင်ပွဲအတွင်း ရုတ်တရက်ထိခိုက်မှုကနေ သေဆုံးမှုလည်း ဖြစ်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up