သြစတြေးလျရေကြီးမှုအတွင်း ပျောက်ဆုံးသူအလောင်း ရှာဖွေတွေ့ရှိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

သြစတြေးလျနိုင်ငံတောင်ပိုင်း၊ ၀ိတိုရိယပြည်နယ်နဲ့ တောင်သြစတြေးလျပြည်နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ပျောက်ဆုံးနေသူတဦးရဲ့အလောင်းကို သောကြာနေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ သြစတြေးလျရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ သေဆုံးသူဟာ အသက် ၈၄ နှစ်အရွယ် လယ်သမားတဦးဖြစ်ပြီး ဗုဒ္ဓဟူးနေ့က သူမောင်းနှင်လာတဲ့ကား ရေထဲပါသွားခဲ့တာပါ။ သြစတြေးလျပြည်နယ် အနောက်ပိုင်းမှာလည်း လူနေအိမ် အများအပြားနစ်မြုပ်နေပြီး ကားလမ်းတွေလည်း ပိတ်ခဲ့ရပါတယ်။ လာမယ့်တပတ်မှာလည်း ရာသီဥတုအခြေအနေ ဆက်လက်ဆိုးရွားနေဦးမယ်လို့ သြစတြေးလျ မိုးလေ၀သဌာနတွေက သတိပေးထားပါတယ်။ လေဖိအားနည်းရပ်ဝန်းဟာ နိုင်ငံတောင်ပိုင်းကို ဆက်လက်ရွေ့လျားသွားတဲ့အတွက် သြစတြေးလျအရှေ့တောင်ပိုင်းက တက်စ်မေးနီးယားကျွန်းမှာလည်း မိုးလေ၀သ ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up