ပြောင်းရွှေ့ကြေးနှင့် ထိုက်တန်သည့်ခြေစွမ်း မပြသနိုင်သေးဟု ပေါ့ဘာ ဝေဖန်ခံရ

ပေါ့ဘာအနေနဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ခြေစွမ်း ပြသနိုင်ခြင်း မရှိသေးဘူးလို့ မန်ယူကွင်းလယ်ကစားသမားဟောင်း ပေါစခိုးလ်က ဝေဖန်ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ဒီနှစ်နွေရာသီက ပေါ့ဘာအတွက် ဂျူဗင်တပ်အသင်းကို ပေါင် ၈၉ သန်းပေးပြီး ၀ယ်ယူခဲ့တာပါ။ ပေါ့ဘာအနေနဲ့ ဘောလုံးကိုင်တာများပြီး ပြိုင်ဘက်သုံးလေးယောက်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတာဟာ အလုပ်မဖြစ်ကြောင်းနဲ့ ဘောလုံးကို ရိုးရှင်းစွာပဲ ကစားသင့်တယ်လို့ ပေါလ်စခိုးက ဝေဖန်ပြောကြားလိုက်တာပါ။ ဒါ့အပြင် ပေါ့ဘာဟာ မန်ယူကွင်းလယ်မှာ နေရာစုံလိုက်ကစားနေတဲ့အတွက် သူတာဝန်ယူကစားရတဲ့နေရာကို အမှန်တကယ် မသိရှိတဲ့အကြောင်းလည်း ပေါလ်စခိုးက ဆိုခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ပေါ့ဘာကို ကူညီပေးနိုင်မယ့် ကွင်းလယ်ကစားသမားတဦး လိုအပ်နေပြီး မိုဒရစ်၊ တိုနီခရူးစ်တို့လို ကစားသမားတွေကို ခေါ်ယူသင့်တယ်လို့လည်း ပေါလ်စခိုးလ်က ဆိုပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ပွဲမှာ ရှုံးနိမ့်ခဲ့သလို ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲမှာလည်း ဟော်လန်ကလပ် ဖီယင်နုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up