ဖီဖာ၏ မြန်မာ့ဘောလုံးအဆင့် သတ်မှတ်ချက် ၆ ဆင့်ထပ်တက်လာ

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စက်တင်ဘာ ၁၅ ရက် ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ရဲ့ ဘောလုံးအဆင့် သတ်မှတ်ချက်အရ မြန်မာ့ဘောလုံးအဆင့်အတန်းဟာ အရင်လကထက် အဆင့် ၆ ဆင့် ထပ်တိုးလာပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အဆင့် ၁၆၁၊ ဇူလိုင်မှာ အဆင့် ၁၆၀၊ သြဂုတ်မှာ ၁၅၉ နေရာရှိနေရာက ခု စက်တင်ဘာလမှာတော့  အဆင့် ၁၅၃ ထိ ဆက်တိုက်ထပ်တိုးလာခဲ့တာပါ။ အာဆီယံအသင်းတွေထဲမှာ ဖိလစ်ပိုင်က ၉ ဆင့်တက်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက်  ၁၂၅ နဲ့ ထိပ်ဆုံးမှာရှိနေပြီး ထိုင်းက ၁၅ ဆင့်ကျပြီး အဆင့် ၁၃၅၊ ဗီယက်နမ်က ၃ ဆင့်ကျပြီး ၁၄၁၊ စင်ကာပူကတော့ ၄ ဆင့်တက်ပြီး ၁၅၅၊ မလေးရှားက ၉ ဆင့်တက်ပြီး ၁၅၈၊ လာအိုက တဆင့်တက်ပြီး ၁၇၆၊ ကမ္ဘောဒီးယားက ၇ ဆင့်တက်ပြီး ၁၇၃ နဲ့ အင်ဒိုနီးရှားက ၁၀ ဆင့်တက်ပြီး  ၁၈၁ မှာ အသီးသီး ရပ်တည်နေပါတယ်။ ကမ္ဘာ့ဘောလုံး အဆင့် ၁ နေရာမှာတော့ အာဂျင်တီးနား၊ အဆင့် ၂ ဘယ်လ်ဂျီယံ၊ အဆင့် ၃ ဂျာမနီ၊ အဆင့် ၄ ကိုလံဘီယာနဲ့ ဘရာဇီး စသဖြင့် အစဉ်လိုက် အသီးသီးရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up