ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ဟိုတယ်ဆောက်လုပ်ခွင့် ဆိုင်းငံ့
DVB
·
September 15, 2016
မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာ ဟိုတယ် ဆောက်လုပ်ခွင့် ဆိုင်းငံ့လိုက်ကြောင်း ဟိုတယ်နဲ့ ခရီးသွား လာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ ပြည်ပဧည့်သည်တွေနဲ့ ဟိုတယ်အခန်းအရေအတွက်မျှအောင်လုပ်တာဖြစ်ပြီး လက်ရှိမှာလည်း ဟိုတယ်အခန်းတွေ အရမ်းများပြီး ခရီးသွားဧည့်သည်တွေ မရှိတာကြောင့် နစ်နာမှုတွေ ရှိနေကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဟိုတယ် အခန်းအရေအတွက် ၁ သောင်း ၆ ထောင်ကျော်၊ မန္တလေးမြို့မှာ ၇ ထောင်ကျော်နဲ့ တောင်ကြီးမြို့မှာ ၃၆၀၀ ကျော် ရှိကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာနက သိရပါတယ်။
အခု ၂၀၁၆ အတွက်တော့ ပြည်ပခရီးသွားတွေ ၅ သန်းလာရောက်ဖို့ ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။