မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပေးမည့်အကြောင်း သမ္မတ အိုဘားမား ပြော
DVB
·
September 15, 2016
ကာလအတန်ကြာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမယ့်အကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် သမ္မတအိုဘားမားက ပြောလိုက်တာပါ။
အမေရိကန်နိုင်ငံအနေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ကုန်သွယ်မှု အထူးအခွင့်အရေးပေးရာမှာ မြန်မာနိုင်ငံကို လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုပြီး ၁၉၈၉ ခုနှစ်ကတည်းက ဒီ ကုန်သွယ်မှုအထူးအခွင့်အရေးတွေကို ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းထားပါတယ်။