မြန်မာယူ ၁၉ အသင်း သြစတြေးလျ ယူ ၁၉ နှင့် ယနေ့ညနေ ယှဉ်ပြိုင်မည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
AFF VIETCOMBANK U 19 Championship 2016 ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ ယူ ၁၉ အသင်းဟာ ပွဲဦးထွက်မှာ အင်ဒိုနီးရှား ယူ ၁၉ အသင်းကို အနိုင်ရပြီးတဲ့နောက် သြစတြေးလျအသင်းနဲ့ပွဲမှာလည်း ရလဒ်ကောင်းရဖို့ မျှော်လင့်နေပါတယ်။ မြန်မာယူ ၁၉ အသင်းဟာ လက်ရှိအချိန်မှာတော့ ၁ ပွဲကစား ၃ မှတ်၊ ဂိုးကွာခြားချက်နဲ့ သြစတြေးလျအသင်းရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မြန်မာ ယူ ၁၉ အသင်းနဲ့ သြစတြေးလျ ယူ ၁၉ အသင်းတို့ဟာ ဒီနေ့ညနေ ၃ နာရီခွဲအချိန်မှာ အုပ်စု ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up