မှော်ခြေထောက်ပိုင်ရှင် မက်ဆီအပေါ် ကြမ်းကြမ်းတမ်းတမ်း ပြစ်ဒဏ်ကျူးလွန်ပုံများ (ရုပ်သံ)

မက်ဆီဆိုတာ ဒီနေ့ ဘောလုံးလောကမှာ မှော်ခြေထောက်တစုံ ပိုင်ဆိုင်ထားပြီး ကွင်းအတွင်း ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူနေတဲ့ ဘောလုံးကြယ်တပွင့်ပါ။ သူ့ရဲ့ ကလပ်အသင်း ဘာစီလိုနာအတွက်ရော နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအတွက်ရော မရှိမဖြစ် ကစားသမားတဦးလို့ ပြောရင်လည်း လွန်မယ်မဟုတ်ပါဘူး။ နိုင်ငံလက်ရွေးစင် ကစားသမားဘ၀က အနားယူပြီလို့ ကြေညာခဲ့ပေမယ့် သူ့လို ကစားသမားမျိုး အစားထိုးမရတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ညှိနှိုင်းပြီး နိုင်ငံအတွက် ပြန်ကစားပေးဖို့ တောင်းဆိုခဲ့ရတဲ့အထိ မက်ဆီရဲ့ ဘောလုံးအရှိန်အ၀ါက ကြီးမားလှပါတယ်။ ကွင်းအတွင်းမှာ အလိမ်အလှည့်၊ အတိုးအလှုပ်တွေနဲ့ လှလှပပ၊ နည်းစနစ်ကျကျ ကစားတတ်တဲ့ မက်ဆီကို ပြိုင်ဘက်အသင်း ကစားသမားတွေ အထူးသတိထားလေ့ ရှိပါတယ်။ အဲဒီလို ပြိုင်ဘက်ကစားသမားတွေ သတိထား တားဆီးနေတဲ့ကြားကပဲ မက်ဆီကလည်း ဘောလုံးကို ရအောင်ထွက်ပြီး ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြနေတာပါ။ ကွင်းအတွင်း မက်ဆီကို ရပ်တန့်နိုင်ဖို့ တချို့ကစားသမားတွေက ဥပဒေပ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တာကိုလည်း သူ မကြာခဏ ရင်ဆိုင်ခဲ့ရပါတယ်။ ယူကျုမှာတင်ထားတဲ့ ဒီ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ပွဲကစားစဉ် မက်ဆီကို ပြိုင်ဘက်ကစားသမားတွေက ကြမ်းကြမ်းတမ်းတမ်း ပြစ်ဒဏ်ကျူးလွန်ပုံတွေကို စုစည်း ဖော်ပြထားပါတယ်။ ဒီရုပ်သံကို စတင်ထုတ်လွှင့်ချိန်ကနေ အခုအချိန်ထိ ကြည့်ရှုသူပေါင်း ၃ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up