မယ်သဝေါဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ရန် ကေအန်ယူတောင်းဆို

ကရင်ပြည်နယ် မယ်သဝေါဒေသမှာ အစိုးရတပ်နဲ့ နယ်ခြားစောင့်တပ်တို့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ကန့်ကွက်ကြောင်းနဲ့ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ရပ်တန့်ပေးဖို့ ကရင်အမျိုး သားအစည်းအရုံး (ကေအန်ယူ)က တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပြီး အစိုးရတပ်နဲ့ နယ်ခြားစောင့် တပ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့တိုက်ပွဲတွေကြောင့် ကေအန်ယူနဲ့ နိုင်ငံတော်အစိုးရ တို့ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကို ပြည်သူတွေ နားလည်မှုလွဲမှားနိုင်သလို ယုံကြည်မှုတွေကိုလည်း ထိပါး လာနိုင်တယ်လို့လည်း ဖြော်ပထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ် ဘားအံခရိုင်နဲ့ ဖာပွန်ခရိုင်နဲ့ ထိစပ်နေတဲ့ မယ်သဝေါဒေသမှာ အစိုးရ နဲ့ နယ်ခြားစောင့်ပူးပေါင်းတပ်နဲ့ ဗိုလ်ကျော်သက်ဦးဆောင်တဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် အဲဒီဒေသက ကျေးရွာပေါင်း ၁၆ ရွာက ရွာသူရွာသား ၂၀၀၀ ကျော်လောက် မြိုင်ကြီးငူကို ထွက်ပြေး ခိုလှုံခဲ့ရသလို ၂၀၀ ကျော်ဟာလည်း ထိုင်းဘက်ခြမ်းက မယ်သဝေါမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပါတယ်။ အစိုးရတပ်မတော်နဲ့ နယ်ခြားစောင့်တပ်တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကရင်ပြည်သူလူထုတွေ စိုးရိမ် အတိဒုက္ခရောက်စေပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှုကိုလည်း ပျက်စီးရာရောက်တယ်လို့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မယ်သဝေါဒေသတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်  NRPCရုံးမှာ ကျင်းပပြုလုပ်မယ့် ပူးတွဲစောင့်ကြည့်ကော်မတီ JMC အစည်းအဝေးမှာ ထည့်သွင်းတင်ပြဖို့ရှိတယ်လို့ JMC ဖွဲ့ဝင် စောမက်သယူးအေးက ဒီဗွီဘီကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up