ပီအက်စ်ဂျီကွင်းလယ်ကို ပိတ်ဆို့ကစားမည်ဟု အာစင်ဝင်းဂါး ပြော

ဓာတ်ပုံ - ရိုက်တာ
ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကို ဖြတ်တောက်ပိတ်ဆို့ပြီး ကစားသွားမယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီည ချန်ပီယံလိဂ် အုပ်စုပွဲဦးထွက်မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ ပီအက်စ်ဂျီက ကွင်းလယ်တောင့်တင်းတဲ့အသင်းဖြစ်ပြီး နာမည်ကြီး ကစားသမားတချို့ အသင်းကနေ ထွက်ခွာသွားတဲ့အတွက် အရင်ပုံစံနဲ့ မတူတာမျိုးကို မြင်တွေ့ရလိမ့်မယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ပီအက်စ်ဂျီနည်းပြ အူနိုင်း အမ်မရီကတော့ အာဆင်နယ်က အန္တရာယ်ရှိတဲ့အသင်းဖြစ်လို့ ၁၁၀ ရာခိုင်နှုန်းအထိ အားစိုက်ကစားဖို့ လိုတယ်လို့ ပြောပါတယ်။ ဒီညပွဲမှာ ဒဏ်ရာရထားတဲ့ အာဆင်နယ် နောက်ခံလူ ကိုစီရယ်နီလည်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာတဲ့အတွက် အသစ်ခေါ်ယူထားတဲ့ မူစတာဖီနဲ့ တွဲဖက်ပြီး ကစားနိုင်ဖွယ် ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up