Home
မြန်မာသတင်း
၂၀၁၆ တန်ဖိုးနည်းအိမ်ရာ ဆွေးနွေးပွဲ ကျင်းပမည်
DVB
·
September 13, 2016
မြန်မာနိုင်ငံရဲ့ တန်ဖိုးနည်းအိမ်ရာဆိုင်ရာ ဆွေးနွေးပွဲကို လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန (IBC) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို အိမ်ခြံမြေ ရောင်း၊ ၀ယ်၊ ငှား အင်တာနက်ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ House.com.mm မှ ဦးဆောင်ကျင်းပတာဖြစ်ပြီး အစိုးရနဲ့ ပုဂ္ဂလိက အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။ House.com.mm ကို ပူးတွဲတည်ထောင်သူတဦးဖြစ်တဲ့ အမှုဆောင်ဒါရိုက်တာ နီတက်ရှ် ခါဝဲလ် (Mr. Nitesh Khirwal) က “မြန်မာနိုင်ငံဟာ အစိုးရသစ် ပြောင်းလဲခြင်းနဲ့အတူ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေချိန် ဖြစ်ပါတယ်။ အဲဒီလို ပြောင်းလဲမှုတွေ လုပ်ဆောင်နေရာမှာ အိမ်ရာမဲ့ ပြည်သူတွေအတွက် အိမ်ရာဖော်ဆောင်မှု အခန်းကဏ္ဍဟာလည်း အရေးပါပြီး နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ဖော်ဆောင်မှုတခု ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ တန်ဖိုးနည်းအိမ်ရာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေကို တနေရာတည်းမှာ အားလုံးအတူတကွ သိနိုင်ဖို့ ရည်ရွယ်တာပါ” လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲကို စိတ်ပါဝင်စားတဲ့ ဘယ်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ အခန်းကဏ္ဍ၊ ချေးငွေဆိုင်ရာ ကိစ္စတွေနဲ့ တခြားသိသင့်သိထိုက်တာတွေကိုပါ ဆွေးနွေး မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ House.com.mm ကို ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး အိမ်ခြံမြေ တိုက်ခန်း ရောင်းဝယ်ငှားရမ်းခြင်းဆိုင်ရာ ကိစ္စတွေကို အွန်လိုင်းပေါ်မှတဆင့် အလွယ်တကူ ရှာဖွေ၊ ငှားရမ်း၊ ဆက်သွယ်ဝယ်ယူနိုင်စေဖို့ ၀န်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024