၆ ကြိမ်မြောက် ဝဿ န်ရုပ်ရှင်ပွဲတော် ဆုပေးပွဲအခမ်းအနား ကျင်းပ

၆ ကြိမ်မြောက် ဝဿ န်ရုပ်ရှင်ပွဲတော်ရဲ့ ဆုပေးပွဲအခမ်းအနားကို ပွဲတော်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီမှ စတင်ပြီး ဝဇီရာရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ ဆုတွေအဖြစ်နဲ့ best short film award , best documentary film award, special mention award နဲ့ best Southeast Asia documentary award အပြင် ဒီနှစ်မှာ ထပ်တိုးပေးတဲ့ ဆုတွေကတော့ best acting award နဲ့ best cinematography award တို့ ဖြစ်ပါတယ်။ ၂ဝ၁၇ မှာပြုလုပ်မယ့် ဒီ ဝဿ န်ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ကားများကို လာမယ့် ၂၀၁၇ ဧပြီလ ၃၀ ရက်နေ့မှာ ပေးပို့နိုင်ပါတယ်လို့ ပွဲစီစဉ်သူက ပြောပါတယ်။ သတင်း - စုစုမျိုးပိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up