အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး နေပြည်တော်တွင် ပြုလုပ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 11, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်၊ စည်ပင်ရိပ်သာဝန်းအတွင်းက ယူနီစန် စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအစည်းအဝေးကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့က ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့တွေ တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်။