အမေရိကန်တွင် Galaxy Note 7 မသုံးစွဲရန် အာဏာပိုင်များတိုက်တွန်း

Samsung က နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Galaxy Note 7 စမတ်ဖုံးတွေက မီးလောင်ပေါက်ကွဲတတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်အပြီး အမေရိကန်ပြည်ထောင်စုမှာ အဲဒီစမတ်ဖုံးကို မသုံးစွဲဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။ အဲဒီ Galaxy Note 7 ဖုန်းတွေကို ပြီးခဲ့တဲ့လကမှ Samsung ကုမ္ဗဏီက အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာ စတင်ရောင်းချတာပါ။ ဖုန်းတွေကို စရောင်းပြီး မကြာခင်မှာပဲ ဘတ်ထရီပေါက်ကွဲမှုသတင်းတွေ ထွက်ပေါ်ခဲ့ ပါတယ်။ ဒါကြောင့် ကုမ္ဗဏီကလည်း အဲဒီဖုန်းအရောင်းတွေကို ရပ်ဆိုင်းလိုက်ပြီး Galazy Note တဆင့်နိမ့် version နဲ့ ပြန်လဲပေးမယ်လို့ ပြောဆိုပါတယ်။ အမေရိကန်နည်းပညာပစ္စည်း ဘေးကင်းလုံခြုံရေးကော်မရှင်က အဲဒီဖုန်းတွေကို မသုံးကြဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာချက်ထုတ်ခဲ့ပြီး Samsung ကုမ္ဗဏီအနေနဲ့လည်း ဖုန်းတွေကို တရားဝင်ပြန် သိမ်းဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။ အမေရိကန်လေကြောင်းပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကလည်း အဲဒီဖုန်းတွေကို baggage တွေထဲမှာ မထည့်ထားဖို့ လေယာဉ်ပျံသန်းချိန် ဘက်ထရီအားမသွင်းဖို့နဲ့ ဖုန်းတွေကို ပိတ်ထားဖို့ သတိပေးထားပါတယ်။ Samsung ကုမ္ဗဏီဟာ စမတ်ဖုန်းဈေးကွက်ကို အများဆုံးရရှိထားတဲ့ ကုမ္ဗဏီဖြစ်ပြီး ဈေးကွက်ကို တိုးချဲ့ဖို့ ဒီဖုန်းသစ်တွေကို ထုတ်လုပ်လိုက်ပေမယ့်လည်း ဖုန်းတွေ ပြန်သိမ်းရရင် ရထားတဲ့ ဈေးကွက်ဝေစုတောင် ဆုံးရှုံးမယ့်အခြေအနေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up