အာဏာရှင်တဦးရဲ့နိဂုံးကနေ သင် ဘာသင်ခန်းစာယူနိုင်မလဲ
DVB
·
October 21, 2011
လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၄၀ ကျော် အုပ်စိုးခဲ့တဲ့ လစ်ဗျားခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီးကဒါဖီဟာ သူ့ရဲ့မွေးရပ်ဇာတိ ဆာ့မြို့မှာ လစ်ဗျားတော်လှန်ရေးတပ်သားတွေရဲ့ လက်ချက်နဲ့ အောက်တိုဘာ ၂၀ ရက်နေ့က သေဆုံးသွားခဲ့ပါပြီ။ ဒီဖြစ်ရပ်အပေါ်မှာ ဒီဗွီဘီပရိသတ်တွေ ဘယ်လိုထင်မြင်ယူဆပါသလဲ။
ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အာဏာရှင်တဦးရဲ့ နိဂုံးချုပ် အဆုံးသတ်ခရီးကနေ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူအတွက် ဘာသင်ခန်းစာတွေ ယူနိုင်မယ်ထင်ပါသလဲ။ သင့်ရဲ့သဘောထားအယူအဆတွေကို ရေးသားထားခဲ့နိုင်ပါတယ်။