ရည်းစားနှင့်ကွဲပြီး နာရီပိုင်းအတွင်း မိတ်ကပ်အဖွေးသားနှင့် ပွဲတက်ခဲ့သည့် တေလာဆွစ်

နာမည်ကျော် ဂီတကြယ်ပွင့် တေလာဆွစ်ဖ်ဟာ မကြာသေးခင်ကမှ တွဲလိုက်တဲ့ မင်းသား တွမ်ဟစ်ဒဲလ်တန်နဲ့ ဇာတ်လမ်းပြီးဆုံးသွားခဲ့ပြီလို့ ကြေညာအပြီး ညနေပိုင်းမှာ တော့ မိတ်ကပ်တွေအဖွေးသားနဲ့ ပွဲတက်လာခဲ့တာကို တွေ့ခဲ့ရတယ်လို့ မေရာသတင်းမှာ စက်တင်ဘာလ ၈ ရက်နေ့က ဖော်ပြပါတယ်။ တေလာဟာ ခါးအထက်မီနီစကပ်အဖြူရောင်၊ အပေါ်ပိုင်းအင်္ကျီအနက်ရောင်ကို ၀တ်ဆင်ထားခဲ့ကာ အခင်ဆုံးသူငယ်ချင်းတဦးဖြစ်တဲ့ မော်ဒယ်လ် လီလီအဲလ်ဒရစ်ခ်ျနဲ့ အတူ ဂရင်းဝစ်ခ်ျဟိုတယ်ပါတီတခုကို တက်ရောက်ဖို့ သွားခဲ့တာပါ။ သူဟာ ကင်မရာတွေဘက်ကို ခေါင်းငဲ့စောင်းပြုံးပြလိုက်တာဟာ မကြာခင်ကမှ ရည်းစားနဲ့ ပြတ်စဲထားတယ်လို့ မထင်ရလောက်အောင်ပဲလို့ သတင်းက ဆိုပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် တေလာဟာ အနီရင့် ရင့်နှုတ်ခမ်းနီကို ဆိုးထားပြီး ငွေဆွဲကြိုးတကုံးကို ၀တ်ဆင်ထားခဲ့တာပါ။ ကောလာဟလသတင်းတွေမှာတော့ တေလာဟာ တွမ်ရဲ့ စွန့်ပစ်ခြင်းခံခဲ့ရတဲ့အတွက် စိတ်ဓာတ်ကျနေတယ်လို့ ဖော်ပြနေကြတာပါ။ အသက် ၃၅ နှစ်အရွယ် ဗြိတိန်မင်းသား တွမ်ဟာ သူတက်ရောက်ရတဲ့ အခမ်းအ နားတွေမှာ တေလာနဲ့အတူ တက်ရောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းပယ်ခဲ့တဲ့အတွက် ခုလိုအကွဲအပြဲဇာတ်လမ်း တွေ ဖြစ်ပေါ်ခဲ့ရတာလို့ သတင်းက ရေးပါတယ်။ တေလာဆွစ်ဖ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကတော့ တွမ်ဟာ ကျော်ကြားမှုကို အ လွန်အမင်းဆာလောင်သူလို့ ပြောကြပြီး မင်းသားဘက်က အသိုင်းအ၀ိုင်းကတော့ သူ ဟာ တေလာ့ကို ညည်းငွေ့သွားခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ တွမ်ဟာ သြစတြေးလျမှာ Thor; Ragnarok on Australia ဇာတ်ကားအတွက် အလုပ်တွေများနေချိန်မှာ အမ်မီရုပ်ရှင်ဆုပေးပွဲတက်ရောက်ဖို့ တေ လာ့ကို ဆက်သွယ်ခဲ့ချိန်မှာ ငြင်းပယ်ခဲ့တာကြောင့် ခုလိုဖြစ်ခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ တေလာဟာ တွမ်နဲ့ လက်မတွဲဖြစ်ခင် ဒီဂျေကယ်လ်ဗင်ဟဲရစ်စ်နဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up