အာဆင်နယ် ကစားသမားဟောင်း ဖလာမီနီကို ခရစ္စတယ်ပဲလေ့စ် ခေါ်

ဓာတ်ပုံ - ရိုက်တာ
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အသင်းလက်မဲ့ဖြစ်နေတဲ့ အာဆင်နယ် ကစားသမားဟောင်း ဖလာမီနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပါတယ်။ အာဆင်နယ်အသင်းမှာ ၂၄၆ ပွဲ ကစားခဲ့တဲ့တဲ့ ပြင်သစ်ကွင်းလယ်လူ ဖလာမီနီဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာပါ။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ကစားသမားကောင်းတွေနဲ့ ရည်မှန်းချက်ကြီးမားတဲ့ အသင်းဖြစ်ပြီး ဒီလိုအသင်းဆီ ပြောင်းရွှေ့ရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဖလာမီနီက ပြောပါတယ်။ ပဲလေ့စ်နည်းပြ အလန်ပါဂျူးကလည်း အသင်းကို ဦးဆောင်နိုင်စွမ်းရှိပြီး ကွင်းလယ်မှာ အကောင်းဆုံး ကစားနိုင်တဲ့ ဖလာမီနီကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up