တမူထူးခြား လမ်းမပေါ်ထွက် ပိုက်ဆံတောင်းပြီး လက်တွဲဖော်ရှာသည့် ရုရှားလှပျိုဖြူများ (ရုပ်သံ)

ရုရှားနိုင်ငံမှ အမျိုးသမီးအုပ်စုတစုဟာ အဝေးပြေးလမ်းမပေါ်မှာ အတွင်းခံတွေပဲ ၀တ်ဆင်ထားပြီး လမ်းသွားလမ်းလာ ကားတွေပေါ်က ယာဉ်မောင်းတွေဆီမှာ ပိုက်ဆံတောင်းခဲ့ ကြပါတယ်။ ဒါဟာ လက်တွဲဖော် လင်ယောက်ျားရှာဖွေရေး အလုပ်ရုံဆွေးနွေးမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ မက်ထရိုသတင်းမှာ စက်တင်ဘာ ၇ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အမျိုးသမီးတွေဟာ ကားမောင်းသမားတွေဆီကနေ ဈေးဝယ်ထွက်ဖို့ ရုရှားရူဘယ်လ်ငွေ ၁၀၀ (ဗြိတိန်သုံးငွေ ၁ ပေါင်) တောင်းနေခဲ့ကြတာကို တွေ့ရပါတယ်။ ဒေသတွင်း သတင်းတွေအရ ဒီစတန့်ထွင်လုပ်ဆောင်မှုဟာ အမျိုးသမီးတွေကို သူတို့ရဲ့ လက်တွဲဖော်ရှာဖွေရာမှာ ယုံကြည်ချက်ရှိရှိနဲ့ အတွေ့အကြုံ ရရှိစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ရုရှားနိုင်ငံအလယ်ပိုင်း၊ ကာဇန်မြို့မှာ ရိုက်ကူးထားခဲ့တာပါ။ ဒီအဖြစ်အပျက်ရဲ့ မျက်မြင်သက်သေတဦးကတော့ သူတို့ထဲက အမျိုးသမီးတဦးက “ရှင့်မှာ တီရှပ်တထည်အတွက် ရူဘယ်လ် ၁၀၀ ရှိသလား။ ကျမတို့ နစ်ဇ်နေးနိုဂိုရော့ဒ်ကို သွားရမယ်။ ဒါက အကူအညီတောင်းတာပါ။ ကျမတို့ကို ကူညီပါ” လို့ ပြောနေတာကို ကြားခဲ့ရတယ်လို့ ပြောပါတယ်။ ခုဖြစ်စဉ်မှာ ဘာကြောင့် အတွင်းခံတွေပဲ ၀တ်ဆင်ပြီး ဖြတ်သွားတဲ့ကားတွေနားကို ချဉ်းကပ်နေကြတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ အန်ဒရေအိုးလ် အမည်ရတဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “သူတို့တွေဟာ ပိုကီမွန်တွေ လိုက်ရှာနေကြတာလို့ ထင်ပါတယ်” လို့ မှတ်ချက်ရေးခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up