ပေါ်တူဂီ ခရိုင် ၆ ခုတွင် တောမီး အပြင်းအထန် လောင်ကျွမ်း (ရုပ်သံ)

ပေါ်တူဂီနိုင်ငံတ၀န်း ခရိုင် ၆ ခရိုင်မှာ တောမီးတွေ အပြင်းအထန် လောင်ကျွမ်းနေလို့ တောမီးကို ထိန်းချုပ်နိုင်ရေး ပေါ်တူဂီမီးသတ်တပ်ဖွဲ့ဝင်တွေ ကြိုးစားနေကြပါတယ်။ နိုင်ငံမြောက်ပိုင်းက မြို့တမြို့မှာ စက်တင်ဘာ ၇ ရက်နေ့က ၂ ရက်အတွင်း သစ်တောဟတ်တာ အနည်းဆုံး ၁ သောင်းခွဲလောက် လောင်ကျွမ်းသွားတယ်လို့ ဒေသခံ မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။ ကျေးရွာတချို့လည်း တောမီးဝိုင်းခံရပေမယ့် နေအိမ်တွေကို တောမီးကူးဆက်မလာအောင် မီးသတ်တပ်ဖွဲ့တွေက တားဆီးနိုင်ခဲ့ကြပါတယ်။ အခုတောမီးလောင်ကျွမ်းနေတဲ့ နေရာအများစုဟာ နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းက ခရိုင်မြို့အများစုဖြစ်ပြီး နိုင်ငံတောင်ပိုင်းမှာတော့ ဖာရိုခရိုင်တခုမှာပဲ လောင်ကျွမ်းနေတာပါ။ အခုလို နွေရာသီ ပေါ်တူဂီနိုင်ငံမှာ တောမီးလောင်ကျွမ်းမှုတွေက ပုံမှန်လို ဖြစ်နေတာပါ။ ၂၀၀၃ ခုနှစ်က လူ ၁၉ ဦး သေဆုံးခဲ့ပြီး အဆိုးဆုံး တောမီးလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ပေါ်တူဂီနိုင်ငံတွင်း သစ်တော ၁၀ ရာခိုင်နှုန်းလောက် မီးလောင်ကျွမ်းခဲ့ပြီး သစ်တောဧရိယာ စတုရန်းကီလိုမီတာ ၂၁၀၀ ကျော် လောင်ကျွမ်းခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up