၁၇၂ ရက်ကြာ သုတေသန ဆောင်ရွက်ခဲ့သည့် အာကာသယာဉ်မှူး ၃ ဦး ကမ္ဘမြေပြန်ရောက်

ဓာတ်ပုံ - နာဆာ
နိုင်ငံတကာ အာကာသစခန်းမှာ ရက်ပေါင်း ၁၇၂ ရက်ကြာ နေထိုင်ပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ အာကာသယာဉ်မှူး ၃ ဦး စက်တင်ဘာ ၇ ရက် မနက်ပိုင်းက ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်လာကြပါတယ်။ ရုရှားအာကာသယာဉ်မှူး ၂ ဦးနဲ့ အမေရိကန် အာကာသယာဉ်မှူုး ၁ ဦးတို့ စက်တင်ဘာ ၆ ရက်နေ့က နိုင်ငံတကာ အာကာသစခန်းကနေ ထွက်ခွာလာကြပြီး ကာဇက်စတန်နိုင်ငံ အလယ်ပိုင်းကို ဘေးမသီရန်မခ ပြန်လည်ရောက်ရှိလာကြတာပါ။ နိုင်ငံတကာ အာကာသစခန်းမှာတော့ လက်ရှိ အမေရိကန် အာကာသယာဉ်မှူးတဦး၊ ရုရှားအာကာသယာဉ်မှူးတဦးနဲ့ ဂျပန်အာကာသယာဉ်မှူးတဦး စုစုပေါင်း ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။ သူတို့ ၃ ဦးဟာ နောက် အာကာသယာဉ်မှူးသစ်တွေ မရောက်လာခင် အချိန်အထိ နိုင်ငံတကာ အာကာသစခန်းမှာ နောက်ထပ် ၂ ပတ်ကျော် ဆက်ပြီး နေထိုင်အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up