Home
မြန်မာသတင်း
နို့တစ်စာပို့ခံထားရသည့် ကျူးကျော်များ ဥပဒေအတိုင်းဖြေရှင်းရန် အသိပေးအကြောင်းကြား
အာကာ
·
September 7, 2016
ဖယ်ရှားပေးဖို့ နို့တစ်စာပို့ခံထားရတဲ့ လှည်းကူးက ကျူးကျော်တွေအနေနဲ့ မြေကွက်ဝယ်ယူထားရင် ဝယ်ယူထားတဲ့ ပြေစာနဲ့အတူ ဥပဒေအတိုင်း ဖြေရှင်းကြဖို့ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အသိပေး အကြောင်းကြားစာ ထုတ်ထားပါတယ်။ လှည်းကူးမြို့နယ် စခန်းကြီး၊ သာယာကုန်း ကျေးရွာအုပ်စုထဲက ဖယ်ရှားပေးဖို့ နို့တစ်စာပို့ခံထားရတဲ့ ကျူးကျော်တွေထဲမှာ မြေကွက်ဝယ်ယူနေထိုင်သူတွေ ပါဝင်နေတဲ့အတွက် အခုလို အသိပေးစာ ထုတ်ထားတာပါ။ လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က “ရောင်းမှားဝယ်မှားတွေ ထပ်မဖြစ်အောင်နဲ့ အခု ဒီလိုဖြစ်စဉ်တွေရှိရင်လည်း နစ်နာမှုတွေမရှိအောင် ၀ယ်ထားတဲ့ ပြေစာနဲ့အတူ ဥပဒေအတိုင်း ဖြေရှင်းကြဖို့ အသိပေးတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အသိပေးအကြောင်းကြားစာကို လှည်းကူးမြို့နယ် စခန်းကြီး၊ သာယာကုန်း၊ ကျွန်းကလေး၊ ပြည်တော်သာ၊ အောင်မင်္ဂလာ စတဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီကိုလည်း ပေးပို့ထားပါတယ်။ လှည်းကူးမြို့နယ် စခန်းကြီး၊ သာယာကုန်းကျေးရွာအုပ်စုထဲက ကျူးကျော်အိမ်ထောင်စု ၂၂၃၃ စုကို စက်တင်ဘာ ၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းထားပြီး စက်တင်ဘာ ၇ ရက်နေ့အထိ အင်အားသုံး ဖယ်ရှားရှင်းလင်းတာမျိုး မရှိသေးဘူးလို့ သိရပါတယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024