Live
Home
သတင်းဓာတ်ပုံ
ရေတိုက်စားမှုကြောင့် ရှေးဟောင်းစေတီ ပြိုကျမည်ကို ညောင်လေးပင်ဒေသခံများ စိုးရိမ်
DVB
·
September 7, 2016
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် မုက္ခမှုကျေးရွာ မုက္ခမှုချောင်းရေ တိုက်စား ကမ်းပါပြိုမှုကြောင့် ရှေးဟောင်းသမိုင်းဝင် စေတီတော်တဆူ ပြိုကျပျက်စီးမှာကို ဒေသခံ ရွာသားတွေ စိုးရိမ်နေကြပါတယ်။ အရင်က စေတီတော်နဲ့ ကမ်းပါးနဖူးဟာ ပေ ၃၀ လောက်အကွာအဝေး ရှိနေပေမယ့် မုက္ခမှုချောင်း ၂ နှစ်ဆက်တိုက် ရေတိုက်စားပြီး ကမ်းပါးပြိုကျလာမှုကြောင့် အခုအခါ စေတီတော်နဲ့ ကမ်းပါးဟာ သုံးလေးပေ အကွာအဝေးလောက်ပဲ ရှိပါတော့တယ်။ လောလောဆယ် ဘုရားကို ထိခိုက်မှု မရှိသေးပေမယ့် မုက္ခမှုကျေးးရွာဟာ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလွှမ်းမိုးတဲ့ဒဏ်ကို ခံစားရတဲ့ ရွာတရွာဖြစ်ပြီး ဒီနှစ်မှာ ရေကြီးမှုဒဏ် မခံရသေးပေမယ့် မနှစ်ကလို ရေကြီးရေလျှံမှု ဖြစ်ပေါ်လာရင် ရင်ပြင်တော်နဲ့ စေတီတော်ကြီးပါ ကမ်းပါးပြိုတာနဲ့အတူ ပြိုကျပျက်စီးသွားနိုင်တယ်လို့ မုက္ခမှုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနန်းလွင်က ပြောပါတယ်။ မဏိစည်သူမင်း လက်ထက်က တည်ထားခဲ့တယ်လို့ အဆိုရှိတဲ့ အဲဒီ သမိုင်းဝင် အောင်စေတီ စေတီတော်ဟာ ဉာဏ်တော် ပေ ၃၀ ရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024