ဥရောပ ယူ ၂၁ ခြေစစ်ပွဲစဉ်တွင် ရက်ခ်ျဖို့ဒ် ဟက်ထရစ်သွင်းပြီး အင်္ဂလန် ဂိုးပြတ်အနိုင်ရ

ဓာတ်ပုံ - Getty
1.5K
မန်ယူလူငယ်တိုက်စစ်မှူး ရက်ခ်ျဖို့ဒ်ဟာ နော်ဝေနဲ့ကစားခဲ့တဲ့ ဥရောပ ယူ ၂၁ ပြိုင်ပွဲ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ပါတယ်။
ရက်ခ်ျဖို့ဒ်ဟာ အင်္ဂလန် ယူ ၂၁ အသင်းနဲ့ ပထမဆုံး ကစားရတဲ့ပွဲစဉ်မှာပဲ ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အင်္ဂလန်ယူ ၂၁ က နော်ဝေ ယူ ၂၁ အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာပါ။
အသက် ၁၈ နှစ်ရှိ ရက်ခ်ျဖို့ဒ်ဟာ မတူညီတဲ့ နည်းပြ ၄ ဦးလက်အောက်မှာ ပွဲဦးထွက် ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ရက်ခ်ျဖို့ဒ်ဟာ မန်ယူအသင်းကို ဗန်ဟားလ်နည်းပြစဉ်ကလည်း ပွဲဦးထွက်ဂိုးသွင်းခဲ့သလို မော်ရင်ဟိုရောက်လာတဲ့အချိန်မှာလည်း ပွဲဦးထွက် ဂိုးသွင်းခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းကို နည်းပြ ရွိုင်းဟော့ဆန် ကိုင်တွယ်တုန်းကလည်း သူ့ရဲ့ လက်ရွေးစင်အသင်း ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့ပြီး အင်္ဂလန် ယူ ၂၁ အသင်းနဲ့ ပွဲဦးထွက်ပွဲစဉ်မှာလည်း အခုလို ဟက်ထရစ် ၃ ဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်နဲ့ နော်ဝေတို့ရဲ့ပွဲစဉ်ကို လက်ရွေးစင်အသင်းကြီး နည်းပြ ဆမ်အလာဒိုက်စ်လည်း လာရောက်ကြည့်ရှုခဲ့ပြီး ရက်ခ်ျဖို့ဒ်ကို အသင်းကြီးမှာ ပြန်လည်ရွေးချယ်သွားဖို့ ရှိပါတယ်။
အင်္ဂလန် ယူ ၂၁ အသင်းဟာ ဥရောပ ယူ ၂၁ ပြိုင်ပွဲ ခြေစစ်ပွဲမှာ ဆွစ်ဇာလန်၊ နော်ဝေ၊ ဘော့စနီးယား၊ ကာဇက်စတန်တို့နဲ့ တအုပ်စုတည်း တွေ့ဆုံနေတာဖြစ်ပြီး ၆ ပွဲကစား၊ ၄ ပွဲနိုင် ၂ ပွဲသရေရလဒ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။