စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးနေဆဲဟု အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် ပြော

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေဆဲအဆင့်သာ ရှိသေးတယ်လို့ ကွင်းလယ်ကစားသမား အိုဇေးလ်က ပြောလိုက်ပါတယ်။ အသက် ၂၇ နှစ်ရှိ ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်ဟာ ၂၀၁၈ ခုနှစ်အထိ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ ခြေစွမ်းပြနေတဲ့ အိုဇေးလ်ကို စာချုပ်သက်တမ်း တိုးဖို့အတွက် ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးမှာ စတင်ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေသေးတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအတွက် အာရုံစိုက်ထားပြီး နိုင်ငံတကာပွဲတွေပြီးမှ စာချုပ်သစ်ကိစ္စကို ဆက်လက်ဆွေးနွေးသွားမယ်လို့ အိုဇေးလ်က ပြောပါတယ်။ အိုဇေးလ်ဟာ အငှားထွက်ကစားနေတဲ့ ဂျက်ဝီလ်ရှိုင်းယားရဲ့ ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်လိုတဲ့ဆန္ဒ ရှိနေပြီး ဂန္ထ၀င်ကစားသမားတွေ ၀တ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ဟာ သူ့ရဲ့ကစားပုံနဲ့လည်း လိုက်ဖက်မှုရှိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up