Home
မြန်မာသတင်း
ပူတာအိုအနီးတွင် အင်အား ၄.၂ ငလျင်လှုပ်
DVB
·
September 4, 2016
ဒီနေ့မနက် ၄ နာရီ ၁၀ မိနစ်ခန့်က ကချင်ပြည်နယ်၊ ပူတာအိုမြို့ မြောက်ဘက် အရှေမြောက်ဘက် ၁၂မိုင်ခန့်အကွာ ပြည်တွင်းမှာ အင်အား ၄.၂ အသင့်အတင့်ရှိ ငလျင်တခု လှုပ်ခဲ့တယ်လို့ မိုးလေ၀သဌာနက ကြေညာပါတယ်။ မိုးလေ၀သဌာန၊ ငလျင်ဌာနခွဲက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက အခု ငလျင်ဟာ အင်အားကြီး ချောက် ငလျင်နဲ့ မဆိုင်ဘူးလို့ ပြောပါတယ်။ “သူက မြောက်ဘက်မှာ ခင်ဗျ၊ အရင်လ ၂၄ ရက်က လှုပ်တဲ့ ငလျင်နဲ့က ဗဟိုချက်လည်း တော်တော်ဝေးတယ်၊ တခြားစီပါ။ စစ်ကိုင်းငလျင်ကြောကတော့ အဲ့ဒီ မြောက်ဘက်ကနေ အောက်ဘက်အထိ ထိုးဆင်းတာပေါ့။” ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က မကွေးတိုင်း၊ ချောက်မြို့အနီးမှာ ရစ်ခ်ျစတာစကေး ၆.၈ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်လှုပ်ခဲ့ပြီး နိုင်ငံတ၀န်းရှိ ဘုရားပုထိုးစေတီပေါင်း ၄၇၇ ဆူ ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခု ပူတာအိုအနီး လှုပ်ခဲ့တဲ့ ငလျင်နဲ့ ပတ်သက်လို့တော့ ထိခိုက်ပျက်စီးသတင်း တစုံတရာ မကြားရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024