ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် စရီနာဝီလျံစ်နှင့် အန်ဒီမာရေးတို့ အနိုင်ရ

622
အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မှာ ကျင်းပနေတဲ့ U.S. Open တင်းနစ် ပြိုင်ပွဲမှာ စရီနာ ၀ီလျံစ်က ဗန်နိယာ ကင်းကို ၆-၃၊ ၆-၃ နဲ့ အနိုင်ရပြီး တတိယ အဆင့်ကို တက်သွားပါတယ်။
စရီနာနဲ့ ညီအစ်မ ဖြစ်တဲ့ ဗီးနက် ၀ီလျံကလည်း ဂျာမနီက ဂျူလီယာ ဂျော့ခ်ျကို အနိုင်ခဲ့ပြီး တတိယ အဆင့်ကို တက်သွားပါတယ်။
ဒါကြောင့် ၀ီလျံ ညီအစ်မ ၂ ယောက်ဟာ အကြို ဗိုလ်လုပွဲကျရင် တွေ့နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်နေပါတယ်။
အမျိုးသား တဦးချင်းပြိုင်ပွဲမှာ အန်ဒီ မာရေးက စပိန်က မာစယ် ဂရန်နော့လာကို ၆-၄၊ ၆-၁၊ ၆-၄ နဲ့ အနိုင်ရပြီး တတိယ အဆင့်ကို တက်သွားပါတယ်။ တတိယ အဆင့်မှာတော့ မာရေးဟာ အီတလီ တင်းနစ် သမား ပေါ်လို လောရန်ဇီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
