Home
သတင်းဓာတ်ပုံ
၂၁ ရာစုပင်လုံညီလာခံအား ထောက်ခံပွဲ ဓနုဖြူမြို့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
September 2, 2016
၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံဂုဏ်ပြုတဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့မှာ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်း လမ်းလျှောက်ချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဓနုဖြုမြို့ ဒေသခံ ၃၀၀  ခန့်ဟာ ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံချီတက်လမ်းလျှောက်တဲ့ အနေနဲ့ စက်တင်ဘာ ၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်က ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ စတင်ထွက်ခွာ ကာ ဗန္ဒုလလမ်းအတိုင်း ချီတက်လမ်းလျှောက်ခဲ့ကြပြီး မီးသတ်ကုန်းမှ ဗိုလ်ချုပ်ကြေးရုပ်ရှိရာကို မနက် ၁၀ နာရီမှာ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။ ၂၁ ရာစုပင်လုံညီလာခံ လမ်းလျှောက်ထောက်ခံပွဲကို ကျောင်းသူကျောင်းသူတွေ၊ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်တွေနဲ့ ပြည်သူအင်အား ၃၀၀ ခန့် လမ်းလျှောက်ချီတက်ဂုဏ်ပြုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024