Home
မြန်မာသတင်း
နာရေးအိမ်ဖဲဝိုင်း စကားများရာမှ ဓားခုတ်မှုဖြစ်ပွား၊ ၁ ဦး သေဆုံး
DVB
·
September 2, 2016
မော်လမြိုင်-မုဒုံ ကျိုက်ခမီလမ်း ချောင်းစောက်ရပ် ဈေးတန်းအနီးနဲ့ တိုင်းခန်းမ ရုပ်ရှင်ရုံရှေ့ အနီးမှာ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၆ နာရီလောက်က နာရေးအိမ်မှာ ဖဲလိမ်ရိုက်တယ်ဆိုပြီး အငြိုးဖွဲ့ရာကနေ အပြန်လမ်းမှာ ဓားခုတ်မှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီလို ဓားခုတ်ခံရသူ ၂ ဦးထဲက ဦးသက်နိုင်ဦး (ခ) ငလက်မ ဟာ ဒဏ်ရာပြင်းထန်လွန်းတဲ့ အတွက် အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့ပြီး ကိုမျိုးဇော်လတ်ကတော့ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် (စိုးရိမ်ရ) ဆေးကုသမှု ခံယူနေတယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ လူသတ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ မြင့်လွင် (ခ) ခေါင်းတုံးကို ပြစ်မှုကျူးလွန်ပြီး ၈ နာရီအတွင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးခဲ့ပါတယ်။ ဓားနဲ့ အခုတ်ခံရသူ ၂ ဦးက ပြစ်မှုကျူးလွန်သူကို နာရေးအိမ်မှာ ဖဲလိမ်ရိုက်ရာကနေတဆင့် အခုလို လူသတ်မှုကျူးလွန်တဲ့အထိ ဖြစ်သွားတယ်လို့လည်း မော်လမြိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုလူသတ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ မြင့်လွင် (ခ) ခေါင်းတုံးကို မုပွန်ရဲစခန်းက ပုဒ်မ (၃၀၂)နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရတယ်။ သတင်း - စောပြည့်မွန်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024