Home
မြန်မာသတင်း
ထိုးစစ်မရုပ်သိမ်းပါက စစ်မျက်နှာဖွင့်သွားမည်ဟု ဒီကေဘီအေကြေညာ
DVB
·
September 1, 2016
ထိုးစစ်ဆင်မှုကို မရုတ်သိမ်းပါက ကောင်းမှုဒေသအပါအ၀င် မိမိတို့တပ်ဖွဲ့လှုပ်ရှားနယ်မြေ အားလုံးကို တပြိုင်နက်စစ်မျက်နှာဖွင့်သွားမယ်လို့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ကရင်ပြည်နယ်ကောင်းမှုဒေသမှာဖြစ်ပွားနေတဲ့ ထိုးစစ်ဆင်မှုတွေကို ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ အားလုံ ရုပ်သိမ်းဆုတ်ခွာပေးဖို့နဲ့ မရုပ်သိမ်းမဆုတ်ခွာရင်တော့ တပြိုင်နက် စစ်မျက်နှာဖွင့်သွားမယ်လို့ ထုတ်ပြန်တာဖြစ်ပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့က ဗဟိုကော်မီတီတွေရဲ့ အရေးပေါ်အစည်းအဝေးအတွင်း ဆုံးဖြတ်ထုတ်ပြန်လိုက်တာလို့ ဖော်ပြထားပါတယ်။ ဒီကေဘီအေ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ထံအပြင်၊ ငြိမ်းချမ်းရေးအကျိုးဆောင်ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ ပြည်နယ် နှင့်ပြည်ထောင်စု အဆင့်ဆင့်ဆီ စာတွေပေးပို့ခဲ့အပြင် ငြိမ်းချမ်းရေးအကျိုးဆောင် ကိုယ်စားလှယ် တဦးကိုပါထားရှိပြီ နိုင်ငံတော်နှင့်တပ်မတော်တို့ကို အတတ်နိုင်ဆုံး ညှိနှိုင်းခဲ့ပေမယ့် ညှိနှိုင်းလေ တိုက်ခိုက်ခံရလေဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)ကို  ဇန်န၀ါရီလက ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်စောကျော်သက်က စစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် စောတိုင်းရွှေနဲ့ ဗိုလ်မှူးစောဆန်းအောင်တို့  ဦးဆောင်တာပါ။ သူတို့တွေဟာ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) ကနေ ထုတ်ပယ်ခံထားရတဲ့သူတွေဖြစ်ပြီး နယ်ခြားစောင့်တပ်နဲ့လည်း မကြာခန ဆိုလို တိုက်ပွဲဖြစ်ပွားနေတဲ့အဖွဲ့ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024