လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင် ဗလီဆရာ မိသားစုဝင် ၁၆ ဦး သေဆုံး (ရုပ်သံ)

ယီမင်နိုင်ငံမြောက်ပိုင်း ဆာဒါမြို့က ဗလီရှေ့ဆောင်ဆရာရဲ့ မိသားစုနေတဲ့ အိမ်ကို ဆော်ဒီဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်တွေက လေကြောင်းတိုက်ခိုက်ခဲ့လို့ သြဂုတ် ၃၁ ရက်နေ့က အနည်းဆုံး မိသားစုဝင် ၁၆ ဦး သေဆုံးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒုံးကျည်က အိမ်ပေါ်ကျခဲ့လို့ ဗလီဆရာ၊ သူ့မိသားစု၊ သား ၂ ယောက်နဲ့ သူတို့မိသားစု အားလုံး သေဆုံးတယ်လို့ ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ကလေးဘယ်နှယောက် သေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီအစီရင်ခံစာ မှန်မမှန်ကို ညွန့်ပေါင်းတပ်က စစ်ဆေးနေတယ်လို့ ဆော်ဒီစစ်တပ် ပြောခွင့်ရက ပြောပါတယ်။ ဒီဖြစ်ရပ်ကို ဖော်ထုတ်ပြီးရင် ရလဒ်ကို လူသိရှင်ကြား ကြေညာမယ်လို့လည်း ပြောပါတယ်။ ယီမင်နိုင်ငံအတွင်း ၁၈ လကြာ ပြည်တွင်းစစ်ကြောင့် လူအနည်းဆုံး အယောက် ၁ သောင်း သေဆုံးခဲ့ပြီးပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up