Home
အနုပညာ
နှုတ်ခမ်းနီမလေးများအတွက် ရည်ရွယ်ပြီး နှုတ်ခမ်းနီထုတ်မယ့် စိုင်းစိုင်းခမ်းလှိုင်
DVB
·
August 31, 2016
အဆိုတော် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ထုတ်လုပ်မယ့် နှုတ်ခမ်းနီကို လာမယ့် အောက်တိုဘာ ၁၀ ရက်နေ့ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် အောင်မြင်မှုဟာ ကြာရှည်မခံတတ်တာမို့ တခြားစီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်ဖို့ စဉ်းစားရင်း အားပေးတဲ့ နှုတ်ခမ်းနီမလေးတွေ အတွက် ရည်ရွယ်ပြီး အခုလို နှုတ်ခမ်းနီ အလှကုန်ကို ရွေးချယ်ထုတ်လုပ်ခဲ့တာလို့ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ပြောပြပါတယ်။ “ကျနော့်ဘ၀တလျှောက်လုံး ပွဲတွေမှာ၊ ရှိုးတွေမှာ မိန်းကလေးပရိသတ်တွေက အားပေးကြတယ်။ နှုတ်ခမ်းနီမလေးတွေကလည်း အားပေးကြတယ်။ နှုတ်ခမ်းနီမလေးတွေက အခုဆို လူကြီးတွေ ဖြစ်လာတာလည်း ရှိတယ်။ ဆယ်ကျော်သက် လူငယ်တွေလည်း အားပေးတာတွေရှိတယ်။” နှုတ်ခမ်းနီထုတ်လုပ်မယ့် အစီစဉ်ဖြစ်ပေါ်လာပုံကိုလည်း စိုင်းစိုင်းခမ်းလှိုင်က အခုလို ရှင်းပါတယ်။ “ကျနော့်ဘ၀တလျှောက်လုံးမှာ ဒီအနုပညာ လုပ်ခဲ့တယ်။ ပြီးတော့ အနုပညာနဲ့ ဆက်သွယ်ပတ်သက်တဲ့ စီးပွားရေးလည်း လုပ်ဖြစ်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ တနှစ်ကျော်၊ ၂ နှစ်ကျော်လောက်က အားလုံးကလည်း ၀ိုင်းပြောကြတယ်၊ အကြံပေးကြတယ်၊ ပရိသတ်တွေ ကအစ။ ကျနော်တို့ အနုပညာသမားတွေအတွက် သက်တမ်းက တိုပါတယ်။ အဲတော့ ဘ၀ရပ်တည်မှုအတွက် လုပ်ငန်းတခု မထူထောင်ဘူးလားဆိုပြီး အကြံပေးကြတယ်။ အဲမှာ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့လည်း တိုင်ပင်တယ်။ ဘာလုပ်ငန်းလုပ်မလဲ စားသောက်ဆိုင်ဖွင့်တာမျိုး၊ ဖက်ရှင်ဒီဇိုင်း၊ တခြားစားသောက်ကုန်တွေလည်း ရှိမှာပေါ့။ အဲထဲမှာမှ အလှကုန်လုပ်ငန်းလုပ်မယ်ဆိုပြီး ရွေးချယ်ဖြစ်ခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်း ထုတ်လုပ်မယ့် နှုတ်ခမ်းနီကို ကိုရီးယားက ပညာရှင်တွေနဲ့ ပူးပေါင်း ထုတ်လုပ်ဖြန်ချိသွားမှာဖြစ်ပြီး နှုတ်ခမ်းနီကို သုံးမျိုး ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024