ချဲလ်ဆီးအသင်း ခရိုအေးရှား ကွင်းလယ်လူကို ခေါ်ယူရန် နီးစပ်နေ

MILAN, ITALY - APRIL 16: Marcelo Brozovic of FC Internazionale Milano celebrates his goal during the Serie A match between FC Internazionale Milano and SSC Napoli at Stadio Giuseppe Meazza on April 16, 2016 in Milan, Italy. (Photo by Valerio Pennicino/Getty Images)
ချဲလ်ဆီးအသင်းဟာ အင်တာမီလန်က ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်ကစားသမား ဘရိုဇိုဗစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ချဲလ်ဆီးအသင်းနည်းပြ ကွန်တီအနေနဲ့ အသင်းရဲ့ကွင်းလယ်မှာ ကစားအားကောင်းတဲ့ ကစားသမားတဦးအလိုရှိနေပြီး အသက် ၂၂ ရှိ ဘရိုဇိုဗစ်ကို ပေါင်၂၅သန်းနဲ့ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ခရိုအေး ရှားအသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ဘရိုဇိုဗစ်ဟာ ဒိုင်နမိုဇာဂရက်အသင်းကနေ အင်တာမီလန်အသင်းဆီ ၁၈ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အင်တာအီလန်က အပြီးသတ်စာချုပ် ချုပ်ဆိုခွင့်လည်းရှိနေတာပါ။ ဒါပေမယ့် ချဲလ်ဆီးအသင်းက ဘရိုဇိုဗစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရောင်းချဖို့ နီးစပ်နေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဖီအိုရင်တီးနားအသင်းက ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကိုလည်း ပေါင် ၂၃ သန်းနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေပြီး အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ရောက်ရှိလာဖို့ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up