ဆယ်နှစ်သမီး ကျောပေါ်ပါ လိပ်ခွံပုံ ဧရာမမှဲ့ကြီးကို အောင်မြင်စွာဖယ်ထုတ်

ဗီယက်နမ်နိုင်ငံမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတဦးရဲ့ ကျောပေါ်မှ မွေးရာပါ လိပ်ခွံပုံစံ ဧရာမမှဲ့ကြီးတလုံးကို သြဂုတ်လ ၂၉ ရက်နေ့က ဟိုချီမင်းကလေးဆေးရုံမှာ အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့တယ်လို့ သန်နီယဲန်နယူးစ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဒီခွဲစိတ်မှုမှာ ဆရာဝန် ၆ ဦးနဲ့ ဆေးဘက်ဆိုင်ရာအကူဝန်ထမ်း ၅ ဦးတို့ပါဝင်ခဲ့ပြီး အချိန် ၃ နာရီကြာအောင် ခွဲစိတ်ခဲ့ကြရတာပါ။ ထရမ်သီငေါ့သမ်အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ဆော့ထရန်ခရိုင်မှာ နေထိုင် တာဖြစ်ပြီး မွေးရာပါမှဲ့အဖြစ ပါလာတာဖြစ်ပြီး လိမ္မော်သီး အရွယ်အစားလောက်သာ ရှိ ခဲ့တယ်လို့ အသက် ၃၄ နှစ်အရွယ် မိခင်ဖြစ်သူ သက်ခ်ျသီဒါနီက ပြောပါတယ်။ အဲဒီနောက်မှာ မှဲ့ဟာ တဖြည်းဖြည်းအရွယ်အစားကြီးမားလာပြီး ကျောကုန်းပေါ်မှာ လိပ်ခွံသဖွယ်ဖြစ်နေခဲ့တာမို့ သူ့ကို ကျောင်းမှာ လိပ်ခွံကောင်မလေးလို့ ကြိမ်ဖန်များစွာ နောက်ပြောင်လာခဲ့ကြချိန်မှာ ကျောင်းက ထွက်ခဲ့ရတာပါ။ ဒါပေမယ့် ဆင်းရဲတဲ့ မိဘတွေအနေနဲ့ ခွဲစိတ်ကုသဖို့ မတတ်နိုင်ပဲရှိနေခဲ့ကြတာမို့ ဆေးရုံမှ ရန်ပုံငွေနဲ့ ဒီခွဲစိတ်ကုသစရိတ်ကို ကျခံခဲ့တာပါ။ ဆေးရုံမှ ဒုတိယဒါရိုက်တာ ဒါအို ထရန်ဟျူးက “မှဲ့ရဲ့အရွယ်အစားက အချင်း ၈ ဒဿမ ၇ လက်မနဲ့ အလေးချိန် ၂ ဒဿမ ၂ ပေါင်လောက်ရှိပါတယ်။ ခွဲစိတ်ပြီးတဲ့နေရာမှာတော့ ပေါင်နေရာက အသားစတစ်ရှုးတွေကို အစားထိုးကုသပေးခဲ့တာပါ” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up