မြေတူးစက် ၆၈ စီးဖြင့် တရုတ် ခုံးကျော်တံတားကြီးကို ဖြိုချ (ရုပ်သံ)
DVB
·
August 30, 2016
တရုတ်နိုင်ငံ ဂျန်ဇီခရိုင်က နန်ချန်မြို့မှာ အရေးပါတဲ့ ယောင်ဟီမန် ခုံးကျော်တံတားကို မြေတူးစက် ၆၈ လုံးနဲ့ သြဂုတ် ၂၆ ရက်က ညတွင်းခြင်း အပြီးသတ် ဖြို့ချဖို့ ကြိုးစားခဲ့ပါတယ်။
သြဂုတ် ၂၉ ရက်မှာ ကားတွေ ပြန်သွားနိုင်ဖို့ အတွက် ဒီခုံးကျော်တံတားကို တတ်နိုင်သမျှ အမြန်ဆုံး ဖြိုဖျက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ကားလမ်းကြပ်တာကို ဖြေရှင်းဖို့ နောက်ထပ် မြေအောက် ရထားလမ်းသစ်က ဒီနေရာကို ဖြတ်သန်းသွားမှာ ဖြစ်လို့ ဒီခုံးကျော်တံတားကို အမြန်ဆုံး ဖြိုချဖို့ လိုနေတာ ဖြစ်ပါတယ်။
ရုံးတက်ရုံးဆင်ချိန်ဆိုရင် ဒီနေရာကို ကား ၅ ထောင်လောက် ဖြတ်သန်းပြီး ခုံးကျော်တံတားက ကားကြပ်တာကို မဖြေရှင်းပေးနိုင်လို့ ဖြို့ဖျက်ရတာလို့ ဒေသခံ အန်စီနယူးက ထုတ်ပြန်ပါတယ်။
မြို့တော်မှာ ကား ၇ သိန်းခွဲလောက်ရှိနေတယ်လို့လည်း သတင်းက ရေးပါတယ်။
၁၉၉၂ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ခုံးကျော်တံတားဟာ ၅၀၄ မီတာရှည်ပြီး ၁၄.၈ မီတာ ကျယ်တယ်လို့ ဆိုပါတယ်။