ဘီယောင်ဆေးည ဖြစ်သွားသည့် ဗွီအမ်အေအက်စ် ဆုပေးပွဲ (ရုပ်သံ)

အကောင်းဆုံး ပေါ့ပ်ဂီတနဲ့ ဗွီဒီယို ဆုပေးပွဲ ဗွီအမ်အေအက်စ်ညကို စင်မြင့်ပေါ်မှာ Lemonade အယ်လ်ဘမ်နဲ့ ကပြတဲ့ ဘီယောင်ဆေးက သိမ်းပိုက်သွားပါတယ်။ ၁၅ မိနစ်နီးပါးကြာမြင့်တဲ့ ဖျော်ဖြေမှုမှာ သူရဲ့ ခန္ဓာကိုယ်အလှကိုဖော်ကျူးပြီး ကပြတဲ့ ဖျော်ဖြေမှုဟာ ပရိသတ်တွေကို အံ့အားသင့်သွားစေတယ်လို့ ဗြိတိန် သည်မေးရားက ရေးပါတယ်။ အယ်လ်ဘမ်ထဲက ပေါက်သွားတဲ့သီချင်းတွေနဲ့ သီဆိုကပြမှုဟာ ဘီယောင်ဆေးရဲ့ ညဖြစ်သွားစေသလို သူရဲ့သမီး ဘလူးအိုင်ဗွီနဲ့ ခင်ပွန်းဂျေဇက်တို့ကိုလည်း ပရိသတ်ထဲမှာ တွေ့မြင်ရတယ်လို့ ဆိုပါတယ်။ ကပွဲမှာ ဘီယောင်ဆေးကို မြင်လိုက်တာ သေဆုံးသွားသလို ခံစားရတယ်လို့ ပရိသတ်တဦးက လူမှုရေးကွန်ရက် တွစ်တာမှာ ရေးပါတယ်။ ဒီညမှာတော့ ဘီယောင်းဆေးရဲ့ ညဖြစ်သွားတယ်လို့လည်း တခြားတဦးက ရေးပါတယ်။ ကင်နီဝက်စ်ကလည်း အစောပိုင်း နာမည်ကြီးတွေရဲ့ကိုယ်လုံးတီး ဖယောင်းပုံတွေနဲ့ သရုပ်ဖော်ခဲ့တဲ့ Fame သီချင်းနဲ့ ဖျော်ဖြေခဲ့သလို အဆိုတော် တေလာဆွစ်ကတော့ တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up