Home
မြန်မာသတင်း
ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရ
DVB
·
August 29, 2016
တာမွေမြို့နယ် တာမွေကလေးရပ်ကွက် လေးထောင့်ကန်လမ်း မင်းရဲကျော်စွာအိမ်ရာက ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ရဲ့ နေအိမ်မှာ မူးယစ်ဆေးဝါးနဲ့အတူ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ သတင်းအရ တာမွေမြို့နယ် ရပ်စခန်းတာဝန်ရှိသူတွေဟာ ဒီနေ့မနက်အစောပိုင်းက ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှာ မိုးအောင်ရင်ရဲ့ သူငယ်ချင်းနှစ်ဦးကို ဆေးခြောက်တွေလို့ ယူဆရတဲ့အရွက်တွေနဲ့အတူ မူးယစ်ဆေးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တာမွေမြို့နယ် ရဲစခန်းက သိရပါတယ်။ မိုးအောင်ရင်ကိုတော့ နေအိမ်မှာမတွေ့ရဘဲ ပုဇွန်တောင်မြို့နယ်က ရည်းစားဖြစ်သူ နေအိမ်မှာရောက်ရှိနေတယ်လို့ သတင်းရရှိတာကြောင့် ပုဇွန်တောင်ရဲစခန်းက သွားရောက်ရှာဖွေရာမှာ အိုက်စ်မူးယစ်ဆေး ၁ ဂရမ်နဲ့အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့တယ်လို့ ရဲအုပ်မျိုးသန့်က ပြောပါတယ်။ လက်တလောမှာတော့ ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးသုံးစွဲထားတာ ရှိမရှိ ရွာသာကြီးမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ ပုဇွန်တောင်ရဲစခန်းက သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ နဲ့အရေးယူထားတယ်လို့ သိရပါတယ်။ မိုးအောင်ရင်ရဲ့ ဖခင်ဖြစ်သူ အဆိုတော်အောင်ရင်ကတော့ သူ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ သားဖြစ်သူအဖမ်းခံရတာနဲ့ ပတ်သက်ပြီး အခုလို ရေးသားထားပါတယ်။ “အားလုံးကို ၀မ်းနည်းစွာနဲ့ အသိပေးချင်ပါတယ်။ ကျနော် မကြုံချင်တဲ့နေ့ကို မနေ့ညက စိတ်မကောင်းကြီးစွာနဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ ကျနော့်သားနဲ့ သူ့သူငယ်ချင်းကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အဖမ်းခံရကြောင်း သိရပါတယ်။ ကျနော့်ရဲ့ ဆုံးမသွန်သင်မှု အင်မတန်ညံ့ဖျင်းခဲ့လို့ ထင်ပါတယ်။ မိဘတိုင်း ဒီလိုသောကမျိုးတွေ ကင်းဝေးကြပါစေ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024