ပရိသတ်များကို ညှို့ယူဖမ်းစားနေသည့် နိုင်ငံတကာ စစ်တီးဝိုင်းပွဲတော် (ရုပ်သံ)

နိုင်ငံတကာစစ်တီးဝိုင်းပွဲတော်ကို သြဂုတ် ၂၇ ရက်နေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်၊ ရင်ပြင်နီမှာ စတင်ကျင်းပပါတယ်။ နိုင်ငံတကာစစ်တီးဝိုင်းပွဲတော်ဟာ ကမ္ဘာ့အကြီးဆုံးစစ်တီးဝိုင်းပွဲတော်တွေထဲက တခုဖြစ်ပြီး စက်တင်ဘာလ ၄ ရက် နေ့အထိ ကျင်းပတာပါ။ ပွဲတော်မစတင်ခင် အီတလီမြေငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးခဲ့သူ ၂၉၀ ကျော်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံက စစ်တီးဝိုင်းအဖွဲ့ ၂၂ ဖွဲ့ပါဝင်ခဲ့ကြပြီး ရုရှားစစ်တီးဝိုင်းအဖွဲ့ ၁၂ ဖွဲ့ပါဝင်ပါတယ်။ ပွဲတော်လာရောက်ကြည့်ရှုတဲ့ ပရိသတ် ၇၅၀၀ ကျော်က စစ်တီးဝိုင်းတွေရဲ့ သရုပ်ပြစွမ်းရည်ကို တအံ့တသြ ကြည့်ရှုခဲ့ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ပွဲတော်တင်ဆက်မှုက အဆင့်မြင့်တိုးတက်လာပြီး လာရောက်ကြည့်ရှုတဲ့ ပရိသတ်ဦးရေလည်း တိုးတက်လာတယ်လို့ မော်စကိုမြို့ခံ ပရိသတ်တဦးက ပြောဆိုပါတယ်။ လာမယ့်လ ၄ ရက်နေ့အထိ ပွဲတော်ရက်အတွင်း မော်စကိုမြို့တော်ပန်းခြံတွေမှာ လေဟာပြင် တေးဂီတ ဖျော်ဖြေမှုတွေကိုလည်း ကျင်းပသွားကြမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up