နီပေါ နိုင်ငံရေးပါတီတွေရဲ့ အလိမ်ညာခံလိုက်ရတဲ့ မော်ဝါဒီ သူပုန်များ
DVB
·
October 15, 2011
နီပေါနိုင်ငံမှာ ဆယ်စုနှစ်အတော်ကြာ တိုက်ခိုက်ခဲ့တဲ့ ပြည်တွင်းစစ် အဆုံးသတ်ခဲ့တာ အခု ဆို ၅ နှစ် ရှိလာပါပြီ။ မော်ဝါဒီ ကွန်မြူနစ်သူပုန်တွေနဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး သဘော တူညီချက် လက်မှတ်ထိုးပြီးတဲ့နောက် နှစ်ဖက် အပစ်အခတ်တွေ ရပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နီပေါနိုင်ငံအနှံ့မှာ မော်ဝါဒီ တိုက်ခိုက်ရေးသမား ၁၉,၀၀၀ ကျော်လောက် ရှိနေပါသေး တယ်။ သူတို့ထဲက တချို့ဟာ အကျဉ်းထောင်ထဲမှာဖြစ်ပြီး စစ်တပ်နဲ့ ပူးပေါင်းတာဖြစ်ဖြစ်၊ အလုပ်အကိုင်သစ်ဖြစ်ဖြစ် ရချင်ကြပါတယ်။
ဒီ မော်ဝါဒီ တပ်သားတွေရဲ့ အနာဂတ်ဟာ နီပေါနိုင်ငံအတွက် အရေးကြီးတဲ့ နိုင်ငံ ရေးဆုံးဖြတ်ချက် ဖြစ်သလို၊ စိုးရိမ်ဖွယ် ပြဿနာလည်းဖြစ်ကြောင်း ‘ဆူနီလ် နျူပါနီ’ (Sunil Neupane) က သတင်းပေးပို့ထားပါတယ်။ ဒီဘာသာပြန်သတင်းဆောင်းပါးကို ယုယမိုးက စီစဉ်တင်ဆက် ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။