နီ​ပေါ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ အလိမ်ညာခံလိုက်ရတဲ့​ ​မော်ဝါဒီ သူပုန်များ

နီ​ပေါနိုင်ငံမှာ ဆယ်စုနှစ်အ​တော်ကြာ တိုက်ခိုက်ခဲ့​တဲ့​ ပြည်တွင်း​စစ် အဆုံး​သတ်ခဲ့​တာ အခု ဆို ၅ နှစ် ရှိလာပါပြီ။ ​မော်ဝါဒီ ကွန်မြူနစ်သူပုန်​တွေနဲ့​ အစိုး​ရကြား​မှာ ငြိမ်း​ချမ်း​ရေး​ သ​ဘော တူညီချက် လက်မှတ်ထိုး​ပြီး​တဲ့​နောက် နှစ်ဖက် အပစ်အခတ်​တွေ ရပ်ခဲ့​ကြပါတယ်။ ဒါ​ပေမဲ့​ နီ​ပေါနိုင်ငံအနှံ့​မှာ ​မော်ဝါဒီ တိုက်ခိုက်​ရေး​သမား​ ၁၉,၀၀၀ ​ကျော်​လောက် ရှိ​နေပါ​သေး​ တယ်။ သူတို့​ထဲက တချို့​ဟာ အကျဉ်း​ထောင်ထဲမှာဖြစ်ပြီး​ စစ်တပ်နဲ့​ ပူး​ပေါင်း​တာဖြစ်ဖြစ်၊​ အလုပ်အကိုင်သစ်ဖြစ်ဖြစ် ရချင်ကြပါတယ်။ ဒီ ​မော်ဝါဒီ တပ်သား​တွေရဲ့​ အနာဂတ်ဟာ နီ​ပေါနိုင်ငံအတွက် အ​ရေး​ကြီး​တဲ့​ နိုင်ငံ ​ရေး​ဆုံး​ဖြတ်ချက် ဖြစ်သလို၊​ စိုး​ရိမ်ဖွယ် ပြဿနာလည်း​ဖြစ်​ကြောင်း​ ‘ဆူနီလ် နျူပါနီ’ (Sunil Neupane) က သတင်း​ပေး​ပို့​ထား​ပါတယ်။ ဒီဘာသာပြန်သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက် ထား​ပါတယ်။ အသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။

//
More News
Up