ဆန်းတို့စ်တိုက်စစ်မှူး ဘာဘိုဆာကို အင်တာမီလန် ခေါ်ယူ

အင်တာမီလန်အသင်းက ဘရာဇီး အိုလံပစ်အသင်းက တိုက်စစ်မှူး ဂါဘီရယ် ဘာဘိုဆာကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အင်တာမီလန်က အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး ဘာဘိုဆာကို ဘရာဇီးကလပ် ဆန်းတို့စ်အသင်းကနေ ခေါ်ယူလိုက်တာပါ။ သူ့ကို ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင် စားနေတာပါ။ အင်တာက စပို့တင်း လစ္စဘွန်းအသင်းက မာရီယိုကိုလည်း ပေါင်သန်း ၃၀ နဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။ ဘရာဇီး တိုက်စစ်မှူး ဘာဘိုဆာဟာ ရီယို အိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးကို ရွှေတံဆိပ်ရအောင် အဓိကနေရာကနေ ကူညီထားပါတယ်။ သူဟာ ဒိန်းမတ်အသင်းကို အနိုင်ရတဲ့ အုပ်စုအဆင့် ပြိုင်ပွဲမှာ ၂ ဂိုး သွင်းယူထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up