သမီးဖြစ်သူကို စိတ်ဆိုးပြီး ဒေါ်လာ ၁၃၀၀၀ တန်ကားကို မြေတူးစက်ဖြင့် ဖခင်က ဖျက်ဆီး (ရုပ်သံ)

ရည်းစားကို ကားပေါ်မှာတင်ပြီး ဖခင်ကို အရှုးလုပ်ခဲ့တာကြောင့် ဒေါ်လာ ၁သောင်း ၃ထောင်တန် အော်ဒီကားကို စိတ်ဆိုးနေတဲ့ ဖခင်ဖြစ်သူက မြေတူးစက်နဲ့ ဖျက်ဆီးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာမှာ ဖခင် မိုက်ကဒ်က သမီးနဲ့ လူငယ်တဦးကို ကား အတွင်းမှာ တွေ့ခဲ့ရာက သမီးဖြစ်သူကို စိတ်ဆိုးပြီး သြဂုတ် ၂၆ ရက်နေ့မှာ ကားကို မြေတူးစက်နဲ့ထိုးလှန် ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ ဒီလို ဖျက်ဆီးနေတဲ့ ဖြစ်ရပ်တခုလုံးကို သား ကေလာကဒ်က ဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ထားပြီး လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်ပေါ်တင်လိုက်ပါတယ်။ ရုပ်သံဖိုင်မှာတော့ ကားကိုလှန်ပြီး မြေတူးစက်နဲ့ ဖိကာ မောင်းမရအောင် ဖျက်ဆီးလိုက်တာကို မှတ်တမ်းတင်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up